ကျိုင်းတုံ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေး အလုံးရေ ၁၄၀၀၀ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့က ရောက်ရှိကြောင်း သိရသည်။
တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၁၄၀၀၀ နှင့်အတူ ဆေးထိုးအပ် ၆၄၀၀၀ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။
အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၁၄၀၀၀ သည် တစ်လုံးလျှင် လူဦးရေ ၅ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ ၇၀၀၀၀ ဦး စာအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)