ကျေးသီးမြို့နယ်တွင် Oxygen Cylinder 40L (၉) လုံး နှင့် Flow  Meter  ပေးအပ်လှူဒါန်း

ကျေးသီး  ဒီဇင်ဘာ  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် Oxygen Cylinder နှင့် Flow  Meter  ပေးအပ်လှူဒါန်းခြင်းကို  ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်(တောင်ကြီး)မှ အောက်စဖိုဒ့်ဆရာတော် ဒေါက်တာ ဓမ္မသာမိ(ပါမောက္ခချုပ်)က Oxygen Cylinder 40L (၉ )လုံး နှင့် Flow  Meter  များ လှူဒါန်းပေး ခြင်းဖြစ်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

နန်းမွမ်းဆိုင် (ကျေးသီး)