ကျိုင်းတုံ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျုင်းတုံ ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက သင်တန်းဖွင့် မိန့်ခန်းပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က သင်တန်း ဖွင့်လှစ်ရသည့် ရွယ်ချက်အား ပြောကြားသည်။
ထို့နောက် သင်တန်းအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူက ကြက်ဥ အလုံး ၃၀၀၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က ခေါက်ဆွဲခြောက်များ၊ ကျိုင်းတုံခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်တင်တင်ဝင်းက အားကစား ပစ္စည်းများနှင့် နဂါးနှစ်ကောင် သတ္တုတူးဖော်ရေးကုမ္ပဏီ(ကျိုင်းတုံ)မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ခင်က ငွေကျပ် ၁၀ သိန်း ထောက်ပံ့လှူဒါန်းပေးပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား တွေ့ဆုံ အာပေးစကားပြောကြားသည်။
အဆိုပါသင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်းကြားပို့ချဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျိုင်းတုံမြို့နယ်အတွင်းမှ သင်တန်းသား ၂၀ ဦး တက်ရောက်ကြောင်း ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးမျိုးသက်ထွန်းထံမှ သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)