တာချီလိတ် ဒီဇင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ "ပန်းခင်း"စီမံချက်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ပုန်းထွန် ရပ်ကွက်သို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုန်းထွန်ရပ်ကွက်တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းဖြည့်သွင်းခြင်း၊ အသစ်ပြု လုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးများကို လဲလှယ်ပေးခြင်းတို့ကို မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို ခရိုင်ဦးစီးမှူး ဦးဦးသွင်မှ သွားရောက်ကြည့်စစ်ဆေးပြီး ပြည်သူ(၆၆)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)