ဒဂုံ ဒီဇင်ဘာ ၇
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် သက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၅)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac) ထိုးနှံခြင်းကို ယနေ့ နံနက်(၉) နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် ပြည်သူများအား ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထားရှိပေးပြီး၊ ဒဂုံမြို့နယ် အတွင်းရှိရပ်ကွက်နေ ပြည်သူ အသက်(၁၈)နှစ်နှင့် အထက်ရှိ ရပ်ကွက်နေပြည်သူ (၁၀၀)ဦး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac)ကို ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆေးထိုးနှံ ရာတွင် မလိုလား အပ်သောပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့်အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)