လှိုင် ဒီဇင်ဘာ ၇ ရက်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး ဆေးထိုးန ှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ ဆေးမထိုးနှံရသေးသော လှိုင်မြို့နယ်တွင်း နေထိုင်သည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံ ပေးလျက်ရှိရာ ပထမအကြိမ် ဆေးထိုးနှံသူစုစုပေါင်း (၄၆၀)ဦးနှင့် ဒုတိယ အကြိမ်ဆေးထိုးနှံသူ စုစုပေါင်း(၁၆၀)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် မီသတ်တပ်ဖွဲ့တို့မှ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ ထို ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို လှိုင်မြို့နယ်အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ် -၁၉ ကုသရေးစင်တာ တွင်ထိုးနှံပေးလျှက်ရှိပါသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းဆောင် ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက် ပေးလျှက်ရှိပြီး လှိုင်မြို့နယ်၌ ကိုဗ-၁၉ ကာကွယ်ဆေးကို ထိုးနှံရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှချမှတ်ထားသော သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)