သပိတ်ကျင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေးနှိုးဆော်ချက်များ ဆက်လက်ဆောင်ရွက်

သပိတ်ကျင်း  ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လိုက်လံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန် ထမ်းများမှ ကွင်းဆင်းဆောင် ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မိဘ ပြည်သူများအနေဖြင့် မလိုအပ်ပဲအပြင်မထွက်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွါပါက နှာခေါင်းစည်း (Mask) များကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ မိမိတို့ နေအိမ်တွင် ပြင်ပဧည့်သည်များ လက်မခံရန်နှင့် မိမိကိုယ်တိုင်လည်း အခြားသူများထံသို့ သွားရောက်လည် ပတ်မှုရှောင်ကျဉ်ရန်၊ အပြင် ထွက်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ မိမိနေထိုင်သည့်နေအိမ်တွင် လေဝင်လေထွက် ကောင်းမွန်စေရန် အတွက် ပြတင်းတံခါးများဖွင့်ထားရန်၊ နေအိမ်ရှိလူများ ရောဂါဖြစ်သည့် လက္ခဏာများ ဖြစ်ပွားလာပါက နီစပ်ရာကျန်းမာရေးဌာနသို့ ဆေးစစ်ချက်ခံယူပြီး ကုသမှုခံယူရန်၊ ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများမှ ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)