ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကျင်းပ

ကျောက်တံတား ဒီဇင်ဘာ ၇

ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ‌ရေးဖောင်‌ဒေးရှင်းတို့ ပူးပေါင်း၍ ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်(၁ဝ)နာရီအချိန်တွင် မြို့နယ်ပြည်သူ့စာကြည့် တိုက်ရှိ Community Centre ခန်းမတွင် ကာတွန်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲတွင် အ.ထ.က ကျောက်တံတားကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ()ဦးပါဝင် ယှဉ်ပြိုင် ရေးဆွဲပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု()ဆု အပါအဝင် ဆုလက်ဆောင်များ ချီးမြှင့်ခြင်းကို အ.ထ.က ကျောက်တံတားမှ ကျောင်းအုပ်ဆရာမကြီးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ဆုများချီးမြှင့်၍ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)