ပြင်ဦးလွင် ဒီဇင်ဘာ ၇
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့ နေ့လယ် ( ၁ ) နာရီက အမျိုးသမီး များအပေါ် အကြမ်းဖက်မှုကာကွယ်ရေး (Talk Show ) ကျင်းပခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးရာတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်သိန်းသန်းဌေးနှင့် ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင် ဒေါ်ကြူကြူတို့မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကြောင့် ထိခိုက်မှုများအပေါ် အရေးယူနိုင်သည့် ဥပဒေဆိုင်ရာများအကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဆောင်ရွက်နေမှုများ၏ အခြေအနေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ အကာအကွယ်ပေးရာတွင် ဆောင်ရွက်ထားရှိသင့် သည်များအား အသီးသီးဆွေးနွေးခဲ့ကြသည်။
ခရိုင်ပြန်/ဆက် (ပြင်ဦးလွင်)