ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် (လူသုံးကုန်) လက်တွေ့ လုပ်ငန်းခွင်သင်တန်းဆင်းပွဲပြုလုပ်

ဘီးလင်း သြဂုတ် ၂၁

မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှုး၍ ကိုဗစ်-၁၉ စီးပွား‌ရေး ကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် (လူသုံးကုန်)ဆပ်ပြာ လက်တွေ့လုပ်ငန်းခွင် သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ဘီးလင်း မြို့နယ် သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ် သည်။

သင်တန်းဆင်းပွဲတွင်  မွန်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်​ထောက် ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုနှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြမြအေးတို့က သင်တန်းဆင်းလက်မှတ်များကို ပေးအပ် ခဲ့ကြသည်။

အဆိုပါသင်တန်းကို ဘီးလင်းမြို့နယ် သမဝါယမအသင်းစုရုံး၌ ၆ ရက်ကြာဖွင့်လှစ်ခဲ့ပြီး လက်သန့်ဆေးရည်နှင့် လက်ဆေးဆပ်ပြာရည်ပြုလုပ်နည်းများကို သင်ကြားပို့ချ‌ပေးခဲ့ကာ သင်တန်းသား/သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထူးနောင်(ပြန်/ဆက်)