လမိုင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

လမိုင်း ဒီဇင်ဘာ

မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသား သည့်အချိန်ကို အသုံးချနည်းစာအုပ်အား စာဖတ်ဝိုင်း ပြုလုပ် ခြင်းကိုယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူအေးက စာဖတ်ဝိုင်းပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား သည်။

ထို့နောက်   (Women club) အတွင်းရေးမှူး ဒေါ်ချိုမွန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသား ထားသည့်အချိန်ကိုအသုံးချနည်းစာအုပ်တွင်ပါရှိသည့် အချိန်ကို အသုံး ချခြင်း၊ အချိန်ဆို တာဘဝ ဘဝဆိုတာအချိန်ပါစသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပြီး   (Women club) အဖွဲ့ဝင်ဒေါ်တင်ထွေးက ယဉ်ကျေးမှနှင့် အဂါရဝ ခေါင်းစဉ် အကြောင်း အရာများကို ဆက်လက်ဖတ်ကြားဆွေးနွေးရာ တက်ရောက်သည့် စာပေဝါသနာရှင်များက  သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

လမိုင်း(ပြန်/ဆက်)