ရန်ကုန် ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် မင်းဓမ္မလမ်းနှင့် ရန်ကုန်-အင်းစိန်လမ်းဝဲ/ယာရှိ မြက်များ၊ ခြုံနွယ်များ၊ သစ်ပင်အောက်တတ်များ ခုတ်ခြင်းနှင့် မီးကြိုးမလွတ်သော သစ်ကိုင်များ ခုတ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းရှင်းခြင်းတို့ကို မြို့နယ်စည်ပင် သာယာရေးဌာန ပတ်ဝန်းကျင်သန့်ရှင်းရေးမှ (၃၀)ဦး၊ ရေစီး ရေလာမှ(၁၀)ဦး၊ လမ်း/တံတား(၁၀)ဦး၊ ပန်းဥယျာဉ်မှ(၁၀)ဦးနှင့် မြို့နယ်ရုံးမှ(၅)ဦး စုစုပေါင်း ဝန်ထမ်း (၆၅)ဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ရရှိလာသောအမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက် သယ်ကားဖြင့် စနစ်တကျပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဇွဲထက်ကို(ပြန်/ဆက်)