ကျောက်ဆည် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂၊ ခုနှစ်တွင် နနွင်းစိုက်ဧက (၁၀၀၈)ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး ပေါင်လောင်ကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
နနွင်းစိုက်ပျိုးမည်ဆိုပါက မြေကို စိတ်ကြိုက်ပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင် များ ပြုလုပ်ကာစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်းအတက် မျိုးစိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧကကုန်ချိန (၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ နနွင်းအတက်မျိုးစိုက်ပျိုးပါက ကုန်ချိန်(၆၀၀)ပိဿာခန့်စိုက်ပျိုးရကြောင်း စိုက်ပျိုးရာ တွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာစိုက်ပျိုးရကြောင်း၊ နနွင်းသည် မြေထဲ တွင် အတက်ပွားသည့် သီးနှံဖြစ်သောကြောင့် မြေအစိုဓာတ် ရရှိစေရန် ရေသွင်းပေးရကြောင်း သိရှိရ သည်။ နနွင်းစိုက်ခင်းများကို သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၂၄၉) ဧက၊ သင်းဒီး စိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် (၇၅၀)ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၉)ဧက စုစုပေါင်း (၁၀၀၈)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ယခုအခါလျာထားစိုက်ဧက အားလုံး စိုက်ပျိုးပြီးကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးရာသီတွင် နှံစားပြောင်း(၃၄၄၄)ဧက၊ ဖူးစား ပြောင်း(၅၀၂)ဧက၊ ငရုတ်(၂၀၆၇)ဧက၊ ကျွဲနွားစာ(၇၅၃၅)ဧက၊ ပဲတီစိမ်း(၁၃၄၈၁)ဧက၊ ပဲစင်းငုံ (၂၁၇၀)ဧက၊ မြေပဲ(၂၈၀)ဧက၊ နှမ်း(၄၀၅၇)ဧက နှင့် နေကြာ(၂၃၀၁)ဧက လျာထားစိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး