ကျောက်ဆည် ဒီဇင်ဘာ ၇
ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနသည် သဘာတောမျာပိုမိုပျက်စီးမှု မရှိစေရေး အတွက် တောညံ့တောများကို ဦးစားပေးကာ ဓမ္မတာမျိုးဆက်နည်းဖြင့် ထိန်းသိမ်း ကာကွယ်လျက်ရှိသည့်အပြင် သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်းကို ပိုမိုပြုစေရန်အတွက် ထင်းသုံးစွဲမှုလျော့ကျစေရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ စွမ်းအားမြှင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲက မကျီးတောကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးထွန်းက မြန်မာနိုင်ငံတွင် လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ ထင်းလောင်စာသုံးစွဲ မှုသည် မြင့်မားဆဲရှိကြောင်း၊ ထင်းလောင်စာသုံးစွဲမှုကြောင့် ရာသီဥတုများပြောင်းလဲလာပြီး မုတ်သုန်ကာလ တိုတောင်း လာကာ မိုးရွာသွန်းမှု နည်းပါးလာခြင်း၊ အပူချိန်ပိုမိုမြင့်တက်လာခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်လာကြောင်း နှင့် နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် သီးနှံထွက်နှုန်းများ လျော့ကျခြင်းလာ၍ ကျေးလက်နေပြည်သူများ ဆင်းရဲမှုဒဏ် ပိုမိုခံစားရမှာမလွဲဖြစ်ပါကြောင်း စသည့် အသိပညာပေးဆွေးနွေးခြင်းများ ပြောကြားခဲ့ပြီး အဆင့်မြင့် အေဝမ်း မီးဖိုများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့် အပူးပိုင်းဒေသများ စိမ်းလန်းစိုပြေ သာယာ လှပစေရေး၊ ရေမြေသဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရေး၊ ကျေးလက်နေပြည်သူများ၏ အခြေခံ သစ်တော ထွက် ပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ထာဝစဉ် ဖွံ့ဖြိုးတိုးတက် လာစေရန်၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများနှင့်အနှစ်သာရများကို ဒေသခံပြည် သူများ သိရှိနာလည် စေရန်ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူများအား အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ၊ အဆင့်မြင့်အေဝမ်းမီးဖိုများကို လစဉ်ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)