သုံးခွ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၄၅)နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံ ရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ယာဉ်မောင်း ဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေ ရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်းရောင်းချသူများ၊ စားသောက် ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ထိုးနှံပေးကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)နှစ်ကြိမ်အပြည့် ထိုးနှံပြီး သူအသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွား(၅၈၄၃)ဦး၊ အသက် ၅၅နှစ် အထက် (၆၄၁၁)ဦးနှင့် အသက် ၄၅ အထက် (၂၉၄၀၁)ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)အား စက်မှုဇုန်ပြင်ပ အလုပ်သမား (၁၃၂၆)ဦးနှင့် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၄၅၀၅)ဦး၊ စုစုပေါင်း(၄၇၄၈၆)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို (၇.၁၂.၂၀၂၁) ရက်နေ့မှ (၁၇.၁၂.၂၀၂၁) ရက် နေ့အထိ မြို့နယ်အားကစားခန်းမတွင် နံနက်(၉)နာရီမှစ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်