တွံတေး ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် (ဒုတိယအသုတ်)အဖြစ် အ.ထ.က(၁) ယုဇနခန်းမနှင့် အ.ထ.က(၂) ရတနာခန်းမတို့တွင် ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းအဆင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူ (၄၉၅၀)ဦးရှိပြီး အစိုးရကျောင်း ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် (ပထမအသုတ်)တွင် (၁၃၇၅)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ(၄)ရက်နေ့မှ ဒီဇင်ဘာ(၇)ရက်နေ့ထိ စုရပ်(၁၀)နေရာတွင်၊ ကျောင်းသား/ကျောင်းသူ (၃၅၇၅)ဦး ဆက်လက်ထိုးနှံပေး တာဖြစ်ကြောင်း၊ ယနေ့ နံနက်တွင် ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၁၃၉၁)ဦးကို ထိုးနှံ ပေးတာဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအား နောက်ဆုံးရက် ထိုးနှံပေးမည်ဖြစ်ကာ ကျန်းမာရေးမှ ဆေးထိုးအဖွဲ့များကိုလည်း အဖွဲ့များခွဲ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများ ဆေးထိုးမည့်ရက်အား ကြိုတင်၍ အများပြည်သူ သိရှိနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ရပ်ကွက်/ ကျေးရွာ စာသင်ကျောင်းများ၌ အသိပေးကြေညာထား ကြောင်း သိရှိရသည်။
မျိုးလှိုင်