မန္တလေး ဒီဇင်ဘာ ၇
အမျိုးသမီးများအားအိမ်တွင်းမှုလက်မှုပညာဖြင့် ဝင်ငွေဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ ပန်းအလှ ပြင်သင်တန်း အခမဲ့ဖွင့်လှစ်ခြင်းကို ယနေ့ ၁၀ နာရီက မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဒေါ်နန်းကေလွင် နှင့် ဒေါ်ပြည့်ဖြိုးဝေ တို့ က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပန်းအလှပြင်သင်တန်းကို အမျိုးသမီးအား အိမ်တွင်းမှုလက်မှုပညာဖြင့် ဝင်ငွေဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပါတယ်၊ အိမ်တွင်းမှာဖြစ်ဖြစ်၊အခမ်းအနားများမှာ ဖြစ်ဖြစ်၊ ပွဲနေပွဲထိုင်မင်္ဂလာအခမ်းအနား များပဲဖြစ်ဖြစ် မိမိတို့ တတ်အပ်တဲ့ ပန်းအလှဆင် လက်မှုပညာဖြင့် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေး နိုင်အောင် ဒီသင်တန်းကို ဖွင့်လှစ်ပေးတာပါဟု သင်တန်းနည်းပြဒေါ်နန်းကေလွင်က ပြောကြား သည်။
အဆိုပါ သင်တန်းကို သင်တန်းသူ(၁၀)ဦး ဖြင့် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ နောက်ရက်များမှာလည်း လက်ဆွဲခြင်း ရက်လုပ်ခြင်း သင်တန်း၊ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)