ကျောက်ဆည် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာအောင်သစ် ရေးသားသည့် မိမိဘဝ မိမိထူထောင်အောင်မြင်ရေး စာအုပ်အား ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘဝ အောင်မြင်တိုးတက်စေရန်အတွက် ကျောင်း စာပေများအပြင် ပြင်ပဗဟုသုတများရရှိမည့် စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်အယူအဆများ ပိုမိုတိုးတက်ရင့် သာလာစေရန်နှင့် စာအုပ်စာပေဖတ်ရှုသည့် အလေ့ အကျင့်များ ရရှိစေရန်အတွက် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်) က မိမိထူထောင်အောင်မြင်ရေးစာအုပ်တွင် ပါဝင်သော မိမိဘဝမိမိထူထောင်ရာတွင် စည်းကမ်းသေဝပ်စွာဖြင့် အောင်မြင်အောင် တည်ဆောက်ရေး၊ တိကျသော ရည်ရွယ်ချက်များ ထားရှိရေး၊ မိတ်ကောင်းဆွေကောင်းများ အကြောင်းနှင့် ပျော်ရွှင်ကျန်းမာကောင်းကျိုးဖြာ စေဖို့အတွက် အပြုစိတ်ထားများအကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက မိမိဘဝ ကမ်းနဖူး ကထိုင်ပြီး ငါးကလေးတွေရေကူးတာကို ထိုင်ကြည့်နေရုံနဲ့တော့ ရေကူးတတ်မှာ မဟုတ်ဘူး၊ မြစ်ကိုတွေ့ရင် တံတားဆောက် တောင်ကိုတွေ့ရင် ဉမင်ဖောက်၊ မိမိကိုယ်ကိုမိမိစည်းကမ်းသေဝပ်စွာ စီမံအုပ်ချုပ်ခြင်းနှင့် အားထုတ်လုပ်ကိုင်ခြင်း၊ အပြုစိတ်(၇)မျိုး၊ အဖျက်စိတ်(၇)မျိုး၊ မိမိဘဝမိမိထူထောင်ရာတွင် အဟန့်အတား ဖြစ်စေမည့် အကျင့်ဆိုးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။
သက်မောင်(ကျောက်ဆည်)