တံတားဦး ဒီဇင်ဘာ ၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပညာသင် ကြားလျက်ရှိသော အသက်(၁၂)အထက် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ အနီးကပ် ကြီးကြပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရန် (၄) နေရာခွဲကာ ဆောင်ရွက်ထားကြောင်း၊ ယနေ့ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်များကတော့ အ.ထ.က၊ တံတားဦးတွင်(၃၇၀)ဦး၊ အ.ထ.က ချောင်းခွတွင်(၂၂၄)ဦး၊ အ.ထ.က တောင်ပြုံးတွင်(၁၇၄)ဦး ၊ အ.ထ.က(ခွဲ)တပယ်တွင်(၇၆)ဦး စုစုပေါင်(၈၄၄)ဦးဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
တံတားဦ၊ အထကမှ အထက်တန်းအဆင့်(၉၈)ဦး ၊ အလယ်တန်းအဆင့်(၃၄၈)ဦး ၊ အ.ထ.က ချောင်းခွမှ အထက်တန်းအဆင့်(၁၉၈)ဦး ၊ အလယ်တန်းအဆင့် (၆၁၀)ဦး၊ အ.ထ.က တောင်ပြုံးမှ အထက်အတန်းအဆင့် (၆၈)ဦး၊ အလယ်တန်းအဆင့်(၃၉၆)ဦး၊ အ.ထ.က (ခွဲ) တပယ်မှ အထက်တန်းအဆင့် (၁၀၀)ဦး၊ အလယ်တန်းအဆင့် (၂၈၀) ဦး စုစုပေါင်(၂၀၉၈))ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း မြို့နယ် ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှသိရသည်။
ရဲတင့်(တံတားဦး)