ကျိန္တလီ ဒီဇင်ဘာ ၇
ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ (ဒုတိယအကြိမ်) ပထမနေ့စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရာတွင် ကျိန္တလီမြို့ရှိ ရပ်ကွက်/ကျေးရွာများမှ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော အသက်(၁၈)နှစ်အထက် ပြည်သူများကို မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမည်စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေး ဝန်ထမ်းမျာက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ အသက်(၁၈)နှစ်အထက် ပြည်သူ(၃၂၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁)ဦး၊ သံဃာတော်(၁)ပါး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း(၂၀)ဦး၊ အစိုးရမဟုတ်သောပြည်တွင်း/ပဝန်ထမ်း(၁)ဦး၊ ဈေးသည်(၄၆)ဦး၊ စုစုပေါင်း(၃၉၀)ဦးအား(ဒုတိယအကြိမ်) ပထမနေ့စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မောင်မောင်(ပြန်/ဆက်)