စဉ့်ကိုင် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက် သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ သားငယ် သမီးငယ် လေးများအတွက် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့ နံနက်ပိုင်းက ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသီက ပေါင်းညွမ် (နာဂ) စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည့် ညီညွှတ်ခြင်းသည်အင်အား ခေါင်းစဉ်ဖြင့် ပုံပြောခြင်းအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်းသိရသည် ။
စဉ့်ကိုင်မြို့နယ်တွင် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ် မေ လမှ စတင်၍ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက Online မှတစ်ဆင့် သုတ၊ ရသ၊ စာအုပ် မိတ်ဆက်ခြင်းအစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ကဗျာလေးတွေရွတ်ကြမယ် အစီအစဉ်၊ စက္ကူ အရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် စဉ့်ကိုင်ပြည်သူ့စာကြည့်တိုက် Page မှ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိရာ ၂၀၂၁ခု နှစ် ဒီဇင်ဘာလ ယနေ့အချိန်ထိ စုစုပေါင်းအပုဒ်ရေ (၁၁၇၈) နီးပါး ထုတ်လွှင့်နိုင်ခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း