ချမ်းအေးသာစံ ဒီဇင်ဘာ ၇
မန္တလေးခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ သိရသည်။
" ပြည်သူလူထုအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားရဲ့ တန်ဖိုးကို သိရှိဖို့ရယ် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ရရှိကိုင်ဆောင်ထားခြင်းအားဖြင့် အဓိကအချက်အနေနဲ့ကတော့ နိုင်ငံသား စိစစ်ရေး ကတ်ပြားရှိခြင်းဖြင့် ခရီးသွားလာရေးတွေ လွယ်ကူစေမယ်။ ဘဏ်အကောင့်တွေ ဖွင့်တဲ့နေရာ ကျန်းမာရေး၊ ပညာရေး အစရှိသဖြင့် အများကြီးအသုံးဝင်ပါတယ်။ အဲဒါကြောင့် နိုင်ငံသားတိုင်းက နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိဖို့အတွက် မန္တလေးခရိုင်အတွင်းမှာဆိုရင် မီဒီယာကဏ္ဍအနေနဲ့ ကြိုးစားပြီး လုပ်ပေးနေတာတွေ ရှိပါတယ်။ အဲဒါကတော့ မြို့နယ်အလိုက် ဆိုရင် အသံချဲ့စက်နဲ့ လိုက်လံကြော်ငြာပေးတာတွေ ဗီနိုင်းတွေနဲ့ ကြော်ငြာတာတွေ နောက် လက်ကမ်းစာစောင်တွေဝေတယ်။ နောက် Talk Showတွေ လုပ်တယ် အစရှိသဖြင့် ပြည်သူ လူထုတွေ ပန်းခင်းစီမံနဲ့ ပတ်သက်ပြီး သိရှိဖို့နဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အဓိက ဦးတည်လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ မန္တလေးခရိုင်အနေနဲ့ကတော့ ပန်းခင်းစီမံချက် နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ရည်မှန်းချက် ပြီးမြောက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု မန္တလေးခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ခရိုင်ဦးစီးမှူး) ဦးဝင်းလှိုင်ဦးက ပြောသည်။
ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်လာ မည့်သူနှင့် အသက် (၁၈)နှစ်ပြည့်ပြီးသူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ရှေ့ပိုင်း မွေးဖွားသူများအား အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေး သူများ၊ အိမ်ထောင်စု လူဦးရေစာရင်း မရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဥပဒေ အရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးများတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
"နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်တဲ့အခါမှာ လိုအပ်တဲ့အချက်တွေကို သက်ဆိုင် ရာ မြို့နယ်ရုံးရှေ့မှာ ကြေညာထားပြီးဖြစ်ပါတယ်။ လက်ကမ်းစာစောင်တွေ ဝေပေးထားပြီးဖြစ် ပါတယ်။ အဓိကကတော့ လာရောက်ဆောင်ရွက်တဲ့အခါမှာ ဓာတ်ပုံရိုက်တာနဲ့ သွေးစစ်တာကို နိုင်ငံတော်က ကျခံတာဖြစ်ပါတယ်။ အဲဒီအတွက်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီးမှ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ က နိုင်ငံသားစိစစ်ရေး ကတ်ပြားလုပ်တဲ့ လုပ်ငန်းစဉ်၊ စာရွက်စာတမ်းတွေကို ဆောင်ရွက်ပေးပါ တယ်။ ပြည်သူလူထုအနေနဲ့ ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေနဲ့ ချိတ်ဆက်ပါ။ ပန်းခင်းစီမံချက်က အချိန်အတိုင်းအတာနဲ့ သွားတာ ဖြစ်တဲ့အတွက် လာမယ့် ဆယ်လကျော် ကာလအတွင်းမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးဘူးဆိုရင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွေ မြို့နယ် လဝက ရုံးတွေနဲ့ လာရောက် ပူးပေါင်းဆောင်ရွက်ပါ။ လာရောက်မဆောင်ရွက်နိုင်တဲ့ သူတွေအတွက်လည်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေသွားပြီး ဆောင်ရွက်ပေးဖို့ တတ်နိုင် သလောက် စီစဉ်ထားပါတယ်။ ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက် ပေးစေချင်ပါတယ်။ " ဟု ဒုတိယညွှန်ကြားရေးမှူးက ဆက်ပြောသည်။
မြန်မာနိုင်ငံသား၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံသားများအား ၁၉၄၉ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ၊ ၁၉၅၁ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေတို့ဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေး ခြင်းလုပ်ငန်း၊ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပနး်ခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့အထိ ၁၈လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်