တာချီလိတ်မြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

တာချီလိတ်   ဒီဇင်ဘာ  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရန်လျာထားသည့် အဆိုပြုလုပ်ငန်းစီမံကိန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကား ပြော ကြားပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ခိုင်ဦးက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ပြည်ထောင်စုနှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရန် လျာထား သည့် အဆိုပြုလုပ်ငန်းစီမံကိန်းများဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က လိုအပ်သည်များဖြည့်စွက်ရှင်းလင်းပြောကြားသည်။

တာချီလိတ်ခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်(၂၄၁၆၅ ဒဿမ ၇၈၃)သန်း နှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်(၃၈၅၆၅ ဒဿမ ၃၂၈)သန်း စုစုပေါင်းကျပ်(၆၂၇၃၁ ဒဿမ ၁၁၁)သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးအဆင့်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)