တကောင်း ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့ဦးဆောင်၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖုန်းကုန်းကျေးရွာရှိ ဒေသ ခံပြည်သူများအား သတ်မှတ်စုရပ်တွင်ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ဖုန်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်းတို့ ဆောင်ရွက်ပေး၍ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကြီးကြပ်မှု ကော်မတီ နှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်ကာ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး များက ပူးပေါင်းပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ဖုန်ကုန်းကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသည့် ဒေသခံပြည်သူ (၄၁)ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံသူ (၂၆)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကြီး ကြပ်မှု ကော်မတီ ထံမှသိရသည်။
သီရိအောင်(တကောင်း)