သုံးခွ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် မိသားစုဝင်ငွေ တိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ခြောက်လတာကာလ၌ မြစိမ်းရောင် စီမံကိန်းတိုးချဲ့ကျေးရွာဖြစ်သော သုံးခွအနောက်ကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီက မြစိမ်းရောင်ကျေး ရွာစီမံကိန်းအရင်းမပျောက် ရန်ပုံငွေများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်(၂၉၄)သိန်းအား ငွေကျပ် ၁၀၀/- လျှင် ပြား ၅၀ အတိုး နှုန်းဖြင့် ချေးငွေအောင်မြင်သူအသင်းသား (၂၀၀)ဦးသို့ သုံးခွ အနောက်ကျေးရွာ မြစိမ်းရောင်ရန်ပုံ ငွေကြီးကြပ်မှုကော်မ တီဥက္ကဋ္ဌဦးချစ်နန်းနှင့် ကော်မတီ ဝင်များက ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ အုပ်စုခွဲကာ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါချေးငွေထုတ်ချေးပေးမှုအား သုံးခွမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်မော်နှင့် ဝန်ထမ်းများကကွင်းဆင်း ကြီးကြပ် ဆောင် ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
စည်သူလင်း ပြန်/ဆက်