လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေး

လှိုင် ဒီဇင်ဘာ ၆ ရက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ စတင်၍ ဆေးမထိုးနှံရသေးသော လှိုင်မြို့နယ်တွင်း နေထိုင်သည့် အသက်(၁၈)နှစ်အထက်ပြည်သူများ စုစုပေါင်း(၄၇၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် မီသတ်တပ်ဖွဲ့တို့မှ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျှက်ရှိကြောင်း  လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှသိရသည်။

ထို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လှိုင်မြို့နယ်အမှတ် ၁၂ ရပ်ကွက်၊ ယောဂီ ကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ ကုသ​​ရေးစင်တာ တွင်ထိုးနှံ ပေးလျှက် ရှိပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံစီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ကိုဗစ်- ၁၉ ကာကွယ်ဆေးများထိုးနှံဆောင်ရွက်ပေးလျှက်ရှိပြီး လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကိုထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော သတ်မှတ်ချက်နှင့် အညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရပါသည်။

မြို့နယ်(ပြန်/ဆက်)