လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာလ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၁)ဖွင့်ပွဲကို မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးငြိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်က မီးသတ်စခန်း စနေမထိပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းကိုမှ သင်တန်း ဖွင့်လှစ်ခြင်း အမှာစကားပြောကြားပြီး မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်သာဇော်မှ နယ်မြေ ဒေသဆိုင်ရာများ ပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမျိုးတင့်မှ လုံခြုံရေးဆိုင်ရာများ ပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြား ခဲ့သည်၊၊
ထိုသို့ သင်တန်းဖွင့်ပွဲတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင်အသင့် ရှိစေရေး၊ အသေးစားမီးသတ်စက်များ အဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး မီးဘေးကြိုတင် ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန် အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့် မီးငြိမ်းသတ်ခြင်း ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းနှင့် ရေဖြင့် မီးငြိမ်းသတ်ခြင်းများကို အဆိုပါသင်တန်းတွင် သင်တန်းသား(၅၀) ဦးကို သင်တန်းပို့ချသွားမည် ဖြစ်ကြောင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထံမှ သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)