လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံမှုများ​ဆောင်ရွက်

လသာ ဒီဇင်ဘာ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​နေ့​နံနက် ၉ နာရီ အချိန်က ဗိုလ်ချုပ်အောင်ဆန်း လမ်းမ​ပေါ်ရှိ အထက(၂)အလသာ ကျောင်း၀င်းအတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာသို့မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး​ဒေါက်တာမျိုးကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊         ပရဟိတအသင်းများ ပူးပေါင်း ၍ ကာကွယ်ဆေး  ထိုးနှံရန်လာ​ရောက်သူများအား ကိုယ်အပူချိန်တိုင်းတာ​ပေးခြင်း၊​ သွေး​ပေါင်ချိန်တိုင်းတာ​ပေးခြင်း၊ ကျန်းမာ​ရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။

ယ​နေ့တွင်​အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံသူကျား(၅၁)ဦး၊ မ(၆၈)ဦး၊ စုစု​​ပေါင်း(၁၁၉)ဦး၊ ဒုတိယအကြိမ်ရက်ချိန်းပြည့်သူကျား(၂၁၇)ဦး၊ မ()ဦး၊ စုစု​ပေါင်း(၂၂၅)ဦး၊ ပထမအကြိမ်ထိုးနှံသူ​ ကျောင်းသား/​ကျောင်းသူကျား()ဦး၊ မ()ဦး၊ စုစု​ပေါင်း(၁၁)ဦးတို့ကို ရောဂါကွယ်​ဆေးထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

မြိုနယ် ( ပြန်/ဆက်)