လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူ့ထံအရောက် ပေးအပ်

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး‌‌၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ် (၁)ရပ်ကွက်ရှိ ပြည်သူများအား သာသနာ့ဝံသဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်း က "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်သူ့ထံအရောက် ပြုလုပ် ဆောင်ရွက်‌ ပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့‌ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများသည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စုစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈၆)ခုအား‌ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဦးစီးမှူးရုံးတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)