မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၉၀)ဦး အား ပထမအကြိမ်(ပဉ္စမ)ရက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

         မိုင်းငေါ့   ဒီဇင်ဘာ  ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး မထိုးနှံရသေးသူ အသက် (၁၈)နှစ် အထက်ပြည်သူများအား ပထမအကြိမ် (ပဉ္စမ)ရက်နေ့အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်  (ပဉ္စမ)ရက်နေ့အဖြစ်  ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျား (၃၇)ဦး ၊ မ (၅၃)ဦး စုစုပေါင်း (၉၀) ဦးတို့အား မိုင်းငေါ့တိုက်နယ် ကျန်းမားရေးဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က  ဈေးရပ်ကွက် ဘုန်းကြီးကျောင်း အတုလ‌ဇေယျဆောင် ဓမ္မာရုံတွင် ထိုးနှံပေးခဲ့ပါသည်။  

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း ၊သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရပါသည်။                                                                                                                  မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)