ဟိုပန်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး လျက်ရှိ

ဟိုပန်  ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ​ရုံးကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ တတိယအသုတ် (ဒုတိယအကြိမ်)ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ် အထက်  ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက စတင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ဆက်လက်ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးရဲဝင်းထိုက် နှင့် ကော်မတီ အဖွဲ့ဝင်များ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ နှင့်  မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က  ဆေးလာရောက်ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင်   ယနေ့အထိ  အသက်(၁၈)နှစ်အထက်  ပြည်သူ အမျိုးသား(၄၄၂)ဦး၊ အမျိုးသမီး(၄၉၈)ဦး စုစုပေါင်း ပြည်သူ (၉၄၀)ဦး တို့အား (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကိုထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ပြည်သူများ အား ယနေ့တွင်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက် )