မိတ္ထီလာတွင်အခြေခံစစ်တုရင်ကစားနည်းသင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာ    ဒီဇင်ဘာ    ၆

 မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာနနှင့် မြို့နယ်စစ်တုရင်ဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သော အခြေခံစစ်တုရင်ကစားနည်း သင်တန်းကို ယနေ့ ညနေ ၃ နာရီက ခရိုင်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ဖွင့်လှစ် ပို့ချကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအစီအစဉ်ကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စစ်တုရင်ဆပ်ကော်မတီအဖွဲ့ဝင် ဦးအောင်ဝင်းက သင်တန်းတွင် ပို့ချမည့် အခြေခံစစ်တုရင်ကစားနည်းပညာအကြောင်းကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းအား သင်တန်းအား ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁ဝ ရက်နေ့အထိဖွင့်လှစ်ပို့ချသွား မည်ဖြစ်သည်။ သင်တန်း ဖွင့်လှစ်ပြီးစီးချိန်တွင် သင်တန်းတက်ရောက်သူများပါဝင်သော လွတ်လပ် ရေးနေ့အထိမ်းအမှတ် စစ်တု ရင်ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။ အခြေခံစစ်တုရင်ကစား နည်းသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် မြို့နယ်စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင့်ဆွေဝင်း၊ ဆပ်ကော်မတီဝင် ဦးထွန်းအောင်ကျော်နှင့် ဆပ်ကော်မတီအဖွဲ့ဝင်များက သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ