နောင်ချို ဒီဇင်ဘာလ ၆ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယနေ့နံ နက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်က ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် စာကြည့်တိုက်လက်ထောက်-၃တို့က စာကြည့်တိုက်စီမံခန့်ခွဲရေးနှင့် ပတ်သက်သော စာစုလုပ်ငန်း၊ ပညာရပ်အမှတ်(၁၀)မျိုး ခွဲခြားနည်း၊ မှတ်တမ်းရေးသွင်းနည်း၊ မှတ်သားမှုစနစ်၊ထားသိုမှုစနစ်များကို ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ၊သင်တန်းကာလ တစ်ရက်တာ ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး၊ သင်တန်းသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆရာမများ တက်ရောက်ခဲ့ကြောင်း ၊ ဆရာမများအနေဖြင့် ၎င်းတို့ကျောင်းရှိ ကျောင်းစာကြည့်တိုက်အား စနစ်တကျထားရှိနိုင်ရန်အတွက် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)