မတ္တရာ ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဒီဇင်ဘာလ ၆ရက်နေ့က မြို့နယ်အားကစားရုံ၊ မြို့အဝင် စစ်ဆေးရေးဂိတ်နှင့် ကျေးရွာဆေးထိုးစုရပ်များတွင် ဆက်လက် ထိုးနှံခဲ့ သည်။
ထို့သို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
နိုဝင်ဘာလ ၅ရက်နေ့အထိ ( ၆၀၇၅၃ )ဦးအား ပထမအကြိမ်နှင့် (၄၂၅၁၃ဦး)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက် ထိုးနှံပေး သွားမည်ဖြစ် ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)