အမရပူရမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအားမီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း

အမရပူရ    ဒီဇင်ဘာ   ၆

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀နာရီက ပန်းချီ ကျေးရွာ စစ်ကိုင်း-မန္တလေးကားလမ်းရှိ DENKO ဆီဆိုင်မှ စတင်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေနွယ်နှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးရာတွင် မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီ သိုလှောင် ကန်များအား မြေအောက်ကန်စနစ်ဖြင့်သာ သိုလှောင်ရောင်းချခြင်း ရှိ/မရှိ၊ မြေအောက် ကန်များ အအေးပေးစနစ်ထားရှိခြင်း ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအား သတ်မှတ်စံချိန်စံညွှန်း များအတိုင်းထားရှိခြင်း ရှိ/မရှိ၊ ဆီဘောက်ဆာကားများမှ ဆီလှောင်ကန် အတွင်းသို့ ဆီချစဉ်သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှုရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား မီးဘးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးများကို ဟောပြောဆွေးနွေးခဲ့ပြီး အရေးပေါ် မီးငြိမ်းသတ်ရာတွင် အသုံးပြုသည့် မီးသတ်ဆေးဗူးများကို အသုံးပြုနိုင်ရန် လက်တွေ့သရုပ်ပြ ခဲ့ကြကြောင်းသိရသည်။

ပြည့်ဖြိုးဝေ-အမရ