မင်းပြားမြို့မသင်းချိုင်း၌ မီးသင့်ဂြိုဟ်စက်ရုံတည်ဆောက်ရန် မြေသန့်မဂ်လာပြုလုပ်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ

မင်းပြား  ဒီဇင်ဘာ  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ နာရေးကူညီမှု ဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး အမှတ်() မီးသင့်ဂြိုဟ်စက်ရုံတည်ဆောက်ရန် မြို့မသင်းချိုင်း၌ နာယကဆရာတော် များအား ပင့်ဖိတ်ကာပရိတ်တရားတော်မြတ်ကိုနာယူပြီး မြေသန့်မဂ်လာပြုလုပ်ခြင်းနှင့်  အလှူငွေ များပေးအပ်ပွဲ အခမ်းအနားကိုယမန်နေ့ က ကျင်းပပြုလုပ်ကြသည်။

ရှေးဦးစွာ မင်ပြားမြို့နယ် နာယကဆရာတော် (၁၅)ပါး ပင့်ဖိတ်ကာ  ပရိတ်တရားတော်မြတ်ကိုနာယူ ပြီး မြေသန့်မဂ်လာပြုလုပ်၍ အမှတ်() မီးသင့်ဂြိုဟ်စက်ရုံတည်ဆောက်ရန် မြို့မသင်းချိုင်း၌ အလှူငွေပေးအပ်ပွဲကို ဆက်လက်ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးစိုးမိုး က အမှာစကားပြောကြားသည်။ ဆက်လက်၍ COVID-19 ရောဂါ ကာကွယ်ထိမ်းချုပ်ပံ့ပိုးရေး မြို့နယ်အဆင့် အထောက်အကူပြု ကော်မတီမှ ငွေကျပ်သိန်း (၁၅၀) မတည်လှူဒါန်းပြီးဆရာတော်များနှင့် မိဘပြည်သူ စေတနာ ရှင်များမှ ငွေကျပ်(၄၈)သိန်း ထည့်ဝင်လှူဒါန်းကြပြီး  မီးသင့်ဂြိုဟ်စက်နှင့် အဆောက်အဦ ဆောက်လုပ်ရန် ငွေကျပ်သိန်း (၄၀၀) ခန့် လိုအပ်မည်ဖြစ်ရာ မင်းပြားမြို့ပေါ်ရှိ မိဘပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်များနာရေးကူညီမှုဖောင်ဒေးရှင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

သိန်းနုအောင်