ပုံပါကျင် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရှိရသည်။
ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း အခြေခံပညာကျောင်း များအား ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများ ပြန်လည်ကျဆင်းလာသည့်အပြင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သည့်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိသည်။
ပုံပါကျင်မြို့အတွင်း အခြေခံပညာအထက်တန်း(၁)ကျောင်း၊ မူလွန်ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၆)ကျောင်း ပြန်လည်ဖွင့်လှစ်ပြီး လာရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)