မက်မန်း ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့နယ်၌ ယမန်နေ့က မက်မန်းမြို့နယ် တာကော်လေးအုပ်စု၊ တာကော်လေးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များအခမဲ့ကွင်းဆင်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မက်မန်းမြို့နယ် တာကော်လေးအုပ်စု တာကော်လေးကျေးရွာ အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ၃၅စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၄ ကတ်အား အခမဲ့ ကွင်းဆင်းလုပ်ဆောင်ပေးခဲ့ကြာင်း သိရသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း၊ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးကျော်လင်းဦးနှင့် ခရိုင်/မြို့နယ်ဝန်ထမ်းများက ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သန်းမြတ်စိုး(IPRD)