လမ်းမတော်မြို့နယ်၌ International Volunteer Day အပြည်ပြည်ဆိုင်ရာ စေတနာ့လုပ်အားရှင်များနေ့ အခမ်းအနားကျင်းပ

လမ်းမတော် ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း စွမ်းအားခန်းမတွင် ယမန်နေ့ မွန်းလွဲ ()နာရီအချိန်က အပြည်ပြည်ဆိုင်ရာ စေတနာ့ လုပ်အားရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ကြက်‌ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ  ဒေါက်တာ အောင်ခင်က အဖွင့်အမှာ စကားနှင့် အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရည်ရွယ်ချက်များကို ပြောကြားပြီး ဆက်လက်၍ လမ်းမတော်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့ကြ‌သော စုံဆည်းရာ ပရဟိတအသင်း၊ ဦးဆောင်လူငယ် လူမှုကူညီရေးအသင်းတို့မှ Volunteer ဆောင်ရွက်သူ (၁၀)ဦးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲကို လိုအပ်သည့်ဘက်မှ ထောက်ပံ့ ကူညီသူ ဦးဇော်မိုးထက်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ ရင်ထိုးတံဆိပ်များ၊ ဂုဏ်ပြု ဆွဲပြားများ၊ Volunteer တံဆိပ်ပါ ဝတ်စုံတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်