မရမ်းကုန်းမြို့နယ်၌ အသက် ၄၀ နှစ်နှင အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မရမ်းကုန်း ​ဒီဇင်ဘာ ၆

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ​ ပေါ်​တော်မူဘုရားဝင်း၊ ​ခေမာရာမကျိုင်းတုံ​ကျောင်းတိုက်နှင့် အမျိုးသား ပြန်လည်သန်စွမ်း​ရေး​ဆေးရုံတို့၌ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ စတင်ကာ အသက် ၄၀ နှစ်နှင့် အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး ဆက်လက် ထိုးနှံ​ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ စနစ်တကျ ဆေးထိုးနိုင်ရန် နေရာများ စီစဉ်ထားရှိခြင်းနှင့် ဆေးထိုး ပြီးသူများ ခေတ္တနားနေရန်နေရာများ စီစဉ်ထားရှိခြင်းစသည့်  လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)