တန့်ယန်း ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ အမှတ်(၂)ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင် ပြည်သူများ ပါဝင်ပူးပေါင်းမှုဖြင့် ဆောက်လုပ်ခဲ့သည့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးအဆောက်အဦသစ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအောင်က ရုံးအဆောက်အဦသစ် ဆောက်လုပ်နိုင်ခဲ့မှုနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအောင်နှင့် တာဝန်ရှိသူများတို့က တိုင်ရင်းသား/တိုင်းရင်းသူများနှင့်အတူ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး စေတနာရှင်/အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)