ကျိုက်မရော၌အသက်၆၅နှစ်နှင့်အသက်ကြီးအဘိုးအဘွားများနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေး သူများအားထိုးနှံပေး


ကျိုက်မရော    ဒီဇင်ဘာ  ၆


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အသက်၆၅နှစ်အထက် အသက်ကြီးဘိုးဘွားများ၊ နာတာရှည် ရောဂါသည်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် အသက်၁၈နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနောက်ဆုံးနေ့အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီကကျုံဝမ်းကျေးရွာရှိကမ္ဘာရွာ စာကြည့်တိုက်အတွင်း၌ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးရသေးသူများနှင့် အသက်အရွယ်အရ ကျန်းမာရေးမ ကောင်း၍ဆေးမထိုးနိုင်သူများနှင့် နာတာရှည်ရောဂါခံစားနေရသည့်သူများအား ကျန်းမာရေး ဝန်ထမ်းများကစနစ်တကျဆေးစစ်ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊အောက်ဆီဂျင် တိုင်းပေးခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီးမှ သာကာကွယ် ဆေးထိုးနှံ ပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ယာရောက်သွားရောက်ကြို ဆိုပေးခြင်းဖြင့်ကိုဗစ်-၁၉ကာ ကွယ်မှုရာခိုင်နှုန်းအပြည့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးမထိုးနှံလိုက်ရသူမရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။


ကျိုက်မရောမြို့နယ်တွင်ကိုဗစ် ၁၉ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူစုစုပေါင်း (၉၄၈၂၂)ဦး ရှိပြီးရာခိုင်နှုန်း လွှမ်းခြုံမှုမှာ ၅၆ရာခိုင်နှုန်း ရှိပြီးဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော် မတီထံမှသိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)