လှိုင်မြို့နယ်၌ ရေစီး​ရေလာ​ ကောင်းမွန်​စေ​ရေး ​​ရေနုတ်​​​​​မြောင်း ရှင်းလင်းခြင်း လုပ်ငန်းများ​ဆောင်ရွက်

လှိုင် ဒီဇင်ဘာ ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်၌ ၁၂ ရပ်ကွက် အင်းစိန်လမ်း ဓာတ်အားခွဲရုံရှေ့ သန့်ရှင်းသပ်ရပ်ရေးနှင့် ရေစီးရေလာ ကောင်းမွန် စေရေးအတွက် အမှိုက်များ၊ မြက်များ၊ သစ်ရွက်ခြောက်များ ရှင်လင်းခြင်းနှင့် ရေမြောင်းရှင်းခြင်းအား ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်း​ဆောင်ရွက်ရာတွင် ရေမြောင်းအတွင်းရှိ ပိတ်ဆို့နေသည့် အမှိုက်များ ဆယ်ယူပြီး စနစ်တကျ အမှိုက်ကားများဖြင့် သယ်ယူ ရှင်းလင်းခြင်းလုပ်ငန်းများကို စည်ပင်ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)