ထန်းတပင်မြို့နယ်တွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် (၅၄၆၅)ဦး တို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာ ၆

ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ (၅)ရက်နေ့အထိ အခြေခံပညာကျောင်း (၄၈)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် (၅၄၆၅)ဦးတို့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးနှံခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် နိုဝင်ဘာလ(၁၅)ရက်နေ့ စုရပ်(၈)နေရာ တို့တွင် အခြေခံပညာကျောင်း (၁၇)ကျောင်းမှ ကျောင်းသား/သူ(၁၃၉၆)ဦး၊ နိုဝင်ဘာလ(၁၆)ရက်နေ့ စုရပ်(၁၁) နေရာတို့တွင် အခြေခံပညာကျောင်း (၁၂)ကျောင်းမှ ကျောင်းသား/သူ (၉၄၄)ဦး၊ နိုဝင် ဘာလ(၁၇)ရက် နေ့စုရပ်(၃)နေရာတို့တွင် အခြေခံပညာကျောင်း(၃)ကျောင်းမှ ကျောင်းသား/သူ (၃၅၂)ဦး၊ နိုဝင်ဘာလ (၁၉)ရက်နေ့ စုရပ်(၅)နေရာတို့တွင် အခြေခံပညာကျောင်း (၁၀) ကျောင်းမှ ကျောင်းသား/သူ(၆၈၅)ဦး၊ အောက်တိုဘာလ(၂၀)ရက်နေ့တွင် စုရပ်(၁)နေရာတို့တွင် အခြေခံပညာ ကျောင်း(၁)ကျောင်း ကျောင်းသား/သူ(၂၅)ဦး၊ အောက်တိုဘာလ(၂၁)ရက်နေ့တွင် စုရပ်(၁)နေရာ တို့တွင် အခြေခံပညာကျောင်း (၁) ကျောင်းမှ ကျောင်းသား/သူ(၃၁)ဦး၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် စုရပ်နေရာ(၅)ခုတို့တွင် အခြေခံပညာကျောင်း(၁၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၃) ကျောင်းတို့မှ ကျောင်းသား/သူ(၇၁၄)ဦး၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် စုရပ်နေရာ(၄)ခုတို့တွင် အခြေခံပညာ ကျောင်း (၁၄)ဦးနှင့် ကိုယ်ပိုင်ကျောင်း (၁)ကျောင်းတို့မှ ကျောင်းသား/သူ(၅၉၁)ဦး၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် စုရပ်(၃)နေရာတို့တွင် အခြေခံပညာ ကျောင်း(၁၂)ကျောင်းတို့မှ ကျောင်းသား/သူ (၃၈၇)ဦးနှင့် ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်နေရာ (၄)ခုတို့ တွင်အခြေခံပညာကျောင်း (၁၈)ကျောင်းတို့မှ ကျောင်းသား/သူ(၃၄၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၅၄၆၅)ဦးတို့ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျက်ရှိသလို ကျန်းမာရေးဝန်ထမ်းများကလည်း ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)