ပုဗ္ဗသီရိ ဒီဇင်ဘာ ၆
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးTalk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့က လူကုန်ကူးမှုရဲ့အဓိပ္ပါယ်၊ လူကုန်ကူးမှုကို ဘယ်နေရာတွေမှာ ဖြစ်လေ့ရှိသလဲ၊ ဘယ်သူတွေကို ပစ်မှတ်ထားတတ်သလဲ၊ လူကုန်ကူးခံရတဲ့ သူတွေကို ဘယ်လိုမပြုမူကြလဲ၊ ကာကွယ်ပေးထားတဲ့ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ပြန်လည်ထူထောင်ရေးအကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)