ကာမိုင်း ဒီဇင်ဘာ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အတွင်းရှိ နန့်ယားကျေးရွာ၌ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဖားကန့်မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ချောင်းကူးကွန်ကရစ် တံတား ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ဒီဇင်ဘာ (၅)ရက် မွန်းလွဲ(၃) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ တံတားမှာ ချဉ်းကပ်ကားလမ်းအပါ အရှည်၄၅.၇မီတာ၊ အကျယ်၄.၈၈မီတာအထိ ရှည်လျားပြီး နန့်ရင်းသစ္စာကုမ္ပဏီမှ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင် ခွင့်ပြုရန်ပုံငွေ(၃၄၈.၄၈၀)သန်းဖြင့် တာ၀န်ယူ ဆောင်ရွက်ခဲ့၍ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို မြို့အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများ၊ နန့်ယား အုပ်ချုပ်ရေးမှူးနှင့် နန့်ရင်းသစ္စာကုမ္ပဏီမှတာ၀န်ခံများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)