မင်းပြား ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၌ ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး (UAYU)နှင့်ပူးပေါင်းပြီးမိမိတို့Women For Women(WFW)မှ မင်းပြားမြို့သန့်ရှင်း သာယာလှပရေး အတွက်အမှိုက်များကောက်ခြင်း၊ ခြုံနွယ်များအားရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်း များကို ယမန်နေ့က မင်းပြားမြို့မ ဆေးရုံကြီးလမ်းတစ်လျှောက်၌ ကျင်းပပြုလုပ်ကြသည်။
မင်းပြားမြို့နယ်ရှိညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး (UAYU)နှင့်Women For Women (WFW)မှမင်းပြားမြို့သန့်ရှင်း သာယာလှပရေးအတွက် မင်းပြားမြို့မဆေးရုံလမ်း တစ်လျှောက် ၌လမ်းသွားလမ်းလာများ၊ ဈေးဆိုင်များကစည်းကမ်းမဲ့အမှိုက်ပစ်မှု များမဖြစ်ပွားစေရန်အတွက် အမှိုက်နှင့်ပလပ်စတစ်အိတ်ခွံများအား ကောက်ခြင်း၊ တံမျက်စည်း လှဲခြင်း၊ မြက်နှင့် ခြုံနွယ်များ အားရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ကိုဆောင်ရွက်ကြသည်။ မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လည်း ရပ်ကွက်အလိုက် အမှိုက်သိမ်းကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကြောင်းသိရသည်။
သိန်းနုအောင်