မလှိုင် ဒီဇင်ဘာ ၆
မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေမှူးများ၊ စာရေး ဝန်ထမ်းများ တွေ့ဆုံ၍ မြို့နယ်လူဦးရေ၏ ၅၀% နှင့်အထက် ကျော်လွန်အောင် ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းတွေ့ဆုံပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် လျာထားဦးရေ (၁၂၂၄၇၄)ဦးရှိပြီး ဆေးထိုးပြီးလူဦးရေ (၅၀၁၄၀)ဦးရှိ၍ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရာခိုင်နှုန်း (၄၁) ရှိပြီဖြစ်ပါကြောင်း၊ မြို့နယ်လူဦးရေ၏ (၅၀)%ကျော်လွန်အောင် ထိုးနှံရမည် ဖြစ်၍ ကျန်ရှိနေသော ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၈)နှစ် ပြည့်ပြီးသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရန် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် စည်းရုံးပြောဆိုဆောင်ရွက်သွားကြရန် မှာကြားလို ကြောင်း၊ ထို့နောက် မျိုးရိုးဗီဇပြောင်း Omicron Virusအသစ် ထွက်ရှိနေကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးမှသာ ရောဂါကာကွယ် နိုင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ကာကွယ်ဆေး(၂)ကြိမ်ထိုးပြီးပါက ဆေးထိုးကတ်ပြား များထုတ်ပေး ခြင်းကြောင့် ခရီးသွားလာရာတွင် အထောက်အကူပြုကြောင်းအပြင် ကိုဗစ်-၁၉ရောဂ မျိုးရိုးဗီဇပြောင်း အတွက် ကာကွယ်ဆေးထိုးနှံပြီးပါက ကူးစက်မှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း မိမိတို့ကျေးရွာမှ ဆေးထိုးရန် ကျန်ရှိနေသူများကို စည်းရုံးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက မျိုးရိုးဗီဇပြောင်း Omicron Virus ရောဂါပိုးအကြောင်းကို ရှင်းလင်းပြောကြားပြီး ကာကွယ်မှုအပိုင်းတွင် တစ်ဦးချင်း လိုက်နာဆောင်ရွက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအတိုင်း နေထိုင်သွားရန် ဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်တွင် လျာထားဦးရေ၏ (၅၀)%ကျော်အောင် ကာကွယ်ဆေးထိုးနှံ နိုင်ခဲ့သည့် အမှတ် (၁)ရပ်ကွက်၊ နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ မြောက်လည်ကျေးရွာအုပ်စု၊ သုံးတောင်ကျေးရွာအုပ်စု၊ ယာကြီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုငွေ (၅၀၀၀ဝိ/-)ကျပ်စီနှင့် ဂုဏ်ပြု လက်မှတ်များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)