သုံးခွမြို့၌ ရာသီပဲတီစိမ်းစိုက် တောင်သူများအတွက် (GAP&GHP) နည်းစနစ် အတိုင်းစိုက်ပျိုး နိုင်စေရေး စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များမှသင်တန်းပို့ချ

သုံးခွ နို၀င်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် (၂၀၂၁-၂၀၂၂) ရာသီပဲတီစိမ်းစိုက်     တောင်သူများအတွက် (GAP&GHP)နည်းစနစ်အတိုင်းစိုက်ပျိုး နိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်များမှ  ပို့ချသော တောင်သူပညာပေးသင်တန်းကို   ယနေ့နံနက် ၉ နာရီခွဲ အချိန်က လက်ပန်စံပြကျေးရွာ လက်ပန်SMUခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊   ရန်ကုန် တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူးဦးရွှေဖြူက အဖွင့်အမှာစကား ပြောကြားပြီးနောက်

ကုမ္ပဏီများကိုယ်စား Bright light ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးမောင်မြင့်က ယနေ့ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေး ကွက်အခြေအနေများအား ရှင်းလင်းပြောကြားရာတွင် တောင်သူ ဦးကြီးများ အနေဖြင့် ပဲတီစိမ်းအရည်အသွေးမြင့်မားပြီး နိုင်ငံတကာ ဈေးကွက်ကိုရောင်းချ တင်ပို့နိုင်ရန် ပိုးမွှားကင်းစင်ပြီးပဲတီစိမ်း ပိုးသတ်ဆေးဓာတ်ကြွင်းနည်း၍ အရည်အသွေး ကောင်းမွန်သော သုံးစွဲမှုနည်း စနစ်မှန်ကန်အောင် အသုံးချစိုက်ပျိုးမှုနည်းစနစ်တွေဟာ အရေးကြီးပါကြောင်းနှင့်    မျော်မှန်းထားတဲ့ဈေးနှုန်းတွေ ရရှိပါစေလိုကြောင်းပြောကြားခဲ့သည်။     ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်တိုင်း သီးနှံစိုက်ပျိုးရေးတာ၀န်ခံ ဒေါက်တာ စန်းစန်း၀င်းက ပဲတီစိမ်းစိုက်ခင်းများတွင် ပေါက်ရောက်နေသော ပေါင်းများနှင့် ကာကွယ် နှိမ်နင်းသည့် နည်းလမ်းများ၊ သိုလှောင် ပဲမျိုးစုံတွင်ကျရောက်လေ့ရှိသော အင်းဆက်ပိုးများအား ကာကွယ် နှိမ်နှင်းခြင်းနည်းလမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊စိုက်ပျိုး ရေးဆိုင်ရာအလေ့ အကျင့်ကောင်းများတွင် ပါ၀င်သည့် အခန်းကဏ္ဍများအား ပရိုဂျက်တာဖြင့် အကျယ်တ၀င့် ရှင်းလင်း၍သင်တန်းပို့ချခဲ့သည်။         

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက ရာသီပဲတီစိမ်း စိုက်တောင်သူများ အတွက်(GAP&GHP) နည်းစနစ်အတိုင်းစိုက်ပျိုး နိုင်စေရေးသင်တန်းဆက် လက်ပို့ချရာ တက်ရောက်လာသော တောင်သူဦးကြီးများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို   ပဲတီးစိမ်းစိုက်တောင်သူ(၈၇)ဦးတက် ရောက်ခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်