ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွကျေးရွာတွင် ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေးနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကွမ်းခြံကုန်း ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က သုံးခွကျေးရွာ၊ ငါးထပ်ကြီးဘုရားကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရခြင်းကို ကွမ်းခြံကုန်းမြိုနယ်မြို့နယ်ဦးစီးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးထင်အောင်က နိုင်ငံသား တစ်ယောက်အတွက် တရားဝင်နိုင်ငံသားအခွင့်အရေးရရှိရန် နိုင်ငံသားစီစစ်ရေးကတ်၏ အရေးပါမှုကို ရှင်းလင်းပြောကြားသည်။

အဆိုပါသုံးခွကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၃၅)ဦးနှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စီစစ်ရေးကတ်ပြား (၁၇)ဦး စုစုပေါင်း(၅၂)ဦးတို့ကို နိုင်ငံသားစီစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကာယကံရှင်များ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်ကျေးရွာ များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး လက်ထောက်ညွန်ကြားရေးမှုး ဦးထင်အောင်ထံမှ သိရသည်။

ဆွေနွယ် (ပြန်/ဆက်)